Pearl nge

Just another WordPress.com weblog

အမှတ်တမဲ့ ဆူး 2009/05/12

Filed under: ဘယ်လိုထင်လဲ? — pearl82nge @ 5:45 am

တစ်နေ့က ကားကို သစ်ပင်တစ်ပင်အောက်မှာ ရပ်ထားမိတယ်။ သစ်ပင်မှာ တွယ်နေတဲ့
ဆူးနွယ်ခြောက်တွေက ကျိုးကျပြီး ကားပေါ် လာတင်နေတယ်။ ဆူးတွေကို လက်နဲ့
ယူမပစ်ချင်တော့ ကားထွက်ရင် သူ့အလိုလို လျှောကျသွားမယ်လို့ ထင်ပြီး
ဆူးတွေကို မဖယ်မိခဲ့ဘူး။
ဒီနေ့မှာ ခင်ပွန်းက ကားဘီး ဆူးစူးလို့ ပေါက်သွားတဲ့အကြောင်း လာပြောတော့
ကျွန်မ အံ့သြသွားတယ်။ ခင်ပွန်းက ဆူးကိုပါ နှုတ်ပြီး ကျွန်မကို လာပြတယ်။
ဆူးက တကယ့်သေးသေးလေး… ကားဘီးရဲ့ အပါးဆုံးနေရာကို ကွက်တိပဲ စူးဝင်နေတယ်။
ဝပ်ရှော့သွားပြတော့ ကားပြင်ဆရာက အပါးဆုံးနေရာကို စူးမိလို့
ပြန်ဖာမရနိုင်တဲ့အကြောင်း၊ ပြန်ဖာရင်လဲ ဖိအားဒဏ်ကို မခံနိုင်ဘဲ
ဘီးပေါက်နိုင်ကြောင်း၊ ဘီးတစ်ခုလုံး လဲလိုက်ဖို့ သင့်ကြောင်း
အကြံပေးပါတယ်။
စင်တီမီတာ တစ်ဝက်တောင် မရှိတဲ့ ဆူးတစ်ခုက ထူထည်းတယ်လို့ ထင်ရတဲ့
ကားဘီးတစ်ခုကို ဖျက်ဆီးနိုင်ခဲ့တယ်။ ခင်ပွန်းက ဆူးကိုတွေ့တော့ အမှတ်တမဲ့
ဆွဲနှုတ်လိုက်တာနဲ့ ကားဘီးထဲက လေထွက်သံကို ကြားလိုက်ရသတဲ့။ လေယိုတာ
နှေးပေမဲ့ လေတွေ အကုန်ထွက်သွားရင် ကျွန်မတို့ ဒုက္ခရောက်တော့မယ်။
ဒါကြောင့် လေမလျှော့ခင် ၀ပ်ရှော့ဆီ အမြန်မောင်းခဲ့ရတယ်။
အဲဒီ ဆူးလေးတစ်ချောင်းကို ကျွန်မ စိတ်ထဲ မှတ်ထားလိုက်ပြီး ဘယ်လောက်ပဲ
ခိုင်မြဲတဲ့ ခင်မင်မှု၊ ချစ်ခင်မှုပဲ ဖြစ်ပါစေ သူငယ်ချင်း၊
လင်မယားတွေကြားမှာ ဆူးစူးနိုင်တဲ့ ပျော့ညံ့တဲ့ နေရာတစ်နေရာတော့
ရှိနိုင်တယ်လို့ ကိုယ့်ကို သတိပေးလိုက်မိတယ်။ ကိုယ်ပြောလိုက်တဲ့ စကားက
ဘာမှ မဖြစ်ပါဘူးလို့ ထင်ပြီး ဆူးတစ်ချောင်းလို ပေါ့ပေါ့မထားသင့်ဘူး။ ဘာမှ
မဖြစ်လောက်ဘူးလို့ ထင်ထားတဲ့ ဆူးတစ်ချောင်းက ကားဘီးလို ထူထည်းတဲ့
ချစ်ခင်မှုကိုတောင် ပျက်ဆီးသွားစေနိုင်တယ်လေ။

လူလူချင်း ဆက်ဆံရာမှာ ကိုယ်က ပျော်တတ်၊ ခင်တတ်လို့ အမှတ်တမဲ့ပဲဖြစ်ဖြစ်၊
တမင်သက်သက်ပဲဖြစ်ဖြစ် နောက်ပြောင်လိုက်တဲ့ စကားတစ်ခွန်းက သူတစ်ပါးရဲ့
ပျော့ညံ့တဲ့နေရာ၊ အလေးထားတဲ့ အရာကို တိုက်ရိုက်သွားထိခိုက်တာနဲ့
တူနေတတ်တယ်။ အဲဒီအချိန်မှာ ချစ်ခင်မှုလေတွေ တဖြေးဖြေး လျှော့သွားပြီး
နောက်ဆုံး လုံးဝ မရင်းနှီးတော့တဲ့ သူစိမ်းအသွင် ပြောင်းသွားနိုင်တယ်။
ကားဘီးကို အသစ်တစ်ခုလဲလို့ ရသလို သူငယ်ချင်းကိုလဲ အသစ်လဲယူနိုင်ပါတယ်။
ဒါပေမဲ့ အဟောင်းနဲ့အသစ်က ဘယ်လိုမှ တူနိုင်တော့မှာ မဟုတ်ပါဘူး။
အနှစ်နှစ် အလလ တည်ဆောက်ခဲ့တဲ့ ချစ်ခင်မှု၊ ကြင်နာမှု တံတိုင်းကြီးကို
သေးငယ်တဲ့ ဆူးကြောင့်ဖြစ်ဖြစ်၊ ကြီးမားတဲ့ ဆူးကြောင့်ဖြစ်ဖြစ် မစူးမိစေတာ
အကောင်းဆုံးပါ။ မနက်ဖြန် ဘာဖြစ်မယ်ဆိုတာ ဘယ်သူမှ မသိနိုင်ဘူးလေ။
——–
စုန်းပြူး သြရသ

 

ရယ်စရာ ရည်းစားစာ 2009/05/12

Filed under: ဟာသလေးတွေပါ — pearl82nge @ 5:35 am

> > > ” အင်တာနတ်မင်းကြီး ” မ ” ပါ > > ဒဗလျူ ဒဗလျူ ဒဗလျူ ဒေါ့ အင်ဂျလီနာညိုမီ ဒေါ့ အီးမေးဒေါ့ ကွန်တဲ့ ၊ခက်ပါ့ဟာ ၊ ကျုပ်သိသလောက်တော့ ဒေါ့ဆိုတာ ဒီအိုဂျီ (dog) ခွေး တဲ့၊ပါဠိလိုတော့ “သုနက္ခ” ပေါ့ဟာ ၊ ဒါပေမယ့် နင်ပေးတဲ့ လိပ်စာက ဒေါ့ကျတော့ အင်္ဂလိပ်လို ဖူးစတော့လို့ခေါ်တဲ့ဟာကြီး ၊ ခက်ပါဘိ ရွှေမိရယ်… ဘကြီးဘုန်းကြီးရှေ့မှာသာ ဒီလိုဖတ်လို့ကတော့ဟာ ကျောင်းတိုင်ကိုဖက်ပြီး ကြိမ်နဲ့အနှက် ခံရမှာ သေချာတယ် ။နောက်ပြီး ကွန် ဆိုတာကပါသေးတယ် ၊ ကျုပ်သိသထားသလောက်ကတော့ ကွန်ဆိုတာ ငါးပစ်ပြီးဖမ်းတဲ့ဟာကြီး ၊ အကုသိုလ် သိပ်များတာပေါ့ဟာ ။ နင်ပြောလို့သာ အဲဒီကွန်ကြီးကို သုံးပြီး ခေတ်မှီအောင် အင်တာနတ် ကနေ အီးမေးဆိုတာကြီးနဲ့ ရည်းစားစကား ပြောရတယ် လို့ဟာ ၊ကြား မကြားဖူးပါဘူး ၊ နင့်အမေကြီး ဆုတောင်းနေတဲ့ ဟို ဘာလဲ အတွင်း ၃၇မင်း ၊ အပြင် ၃၇မင်း ၊ အရံ ၃၇မင်း ၊၁၁၁ ပါးသောနတ်မင်းတွေထဲမှာတော့ အဲဒီ အင်တာနတ်မင်းကြီးကို မကြားဖူးပါဘူးဟာ ၊ ကျုပ်အထင်တော့ သူက၃၈ မင်းမြောက်ထင်ပါတယ် ။ ဘာပဲဖြစ်ဖြစ် ရွှေမိ ရယ် …နင့်ကိုသာကျုပ်ချစ်ရမယ် ဆိုလို့ကတော့ဟာ အင်တာနတ်မကလို့ ဘယ်နတ်မင်းကြီးပဲ ပင့်ရပင့်ရ ကျုပ် ပင့်ပါ့မယ် ရွှေမိရယ် ….အဟုတ်ပြောတာ ။ ။ > > > ကျုပ်အချစ်ဆုံး အကြိုက်ဆုံး ကွယ်လွန်သူ တေးရေးတေးဆို ဓာတ်ရှင်မင်းသားကြီး တွံတေး သိန်းတန် ရဲ့သီချင်းထဲမှာတော့ ” ကျေးမစေ ၊ စာလွှာတွေမပို့ပဲ လမင်းကတစ်ဆင့် ချစ်တဲ့အကြောင်းတွေ ပြောပါမယ် ” လို့ပဲကြားဖူးပါတယ် ရွှေမိရယ် ၊ အဲ…အဲ နင်အသစ်ပြောင်းထားတဲ့ “အင်ဂျလီနာ ညိုမီ” ရယ်….ကျုပ်ကတော့ နင့်ကိုရွှေမိလို့ပဲခေါ်နေကြမို့ နှုတ်ကျိုးနေပြီဟာ ။ ဒါနဲ့နေပါဦး ရွှေမိရယ် နင်ပြောတဲ့အဲဒီ အင်တာနတ်မင်းကြီးက အောင်သွယ်တော်လုပ်ပေးတဲ့ အချစ်နတ်မင်းကြီးလားဟ ၊ ဘာပဲဖြစ်ဖြစ် ရွှေမိရယ် နင်သာကျုပ်ကို ပြန်ချစ်မယ်ဆိုလို့ကတော့ရိုးရာ ကိုင် ချင်ကိုင်ပါစေဟာ အဲဒီ နင်ပြောတဲ့ အင်တာနတ်မင်းကြီးကိုပဲ “မ” ခိုင်းမယ်ဟာ ၊ တကယ်……တကယ် ။ > > > ရွှေမိရယ် နင်ကမြို့မှာကျောင်းသွားတတ်တာ အရမ်းပြောင်းလဲလာတယ်နော် ၊ နင်ဝတ်နေကျ လုံချည်နဲ့ နင်ဖြီးနေကျ ဆံပင်က”တို”သွားပြီး နင်စီးနေတဲ့ ဖိနပ်ဒေါက်နဲ့ နင့်လက်သည်းတွေ “ရှည်”လာတာရော ၊နောက်ပြီးအရင်ကဆို ဆဒ္ဒန်ဆင်မင်း ဇာတ်တော်ဖတ်တိုင်း စူဠသုဘဒ္ဒါက ဘယ်လိုလုပ်ပြီး ဆင်စွယ်ကို ပန်နိုင်မှာလဲလို့ ကျုပ်စဉ်းစားမိတယ် သိလား ၊ အခုတော့ နင့်နားမှာ အမျိုးမျိုးပြောင်းနေတဲ့ နားဆွဲတွေကိုမြင်ပြီး ကျုပ်ယုံသွားပါပြီ ရွှေမိရယ် ။ ပြီးတော့ နင်ကမျက်နှာဖြူစကားတွေလည်း တော်တော်ပြောတတ်လာတယ်နော် ၊ နင်ပြောပြောနေတဲ့ ဘာလဲဟို….၀က်ဆိုဒ် ဆိုလား ၀က်ဆိုင်ဆိုလားဟာ အေး အဲဒီဟာကြီးက နင်တော်တော်ကြိုက်တယ် ထင်တယ် ၊ ကျုပ်သိတာကတော့ ရွာဈေးက ကိုဖိုးသောင်း ၀က်ဆိုင်ပဲ သိတယ် ၊ ဘာပဲဖြစ်ဖြစ် ရွှေမိရယ် နင်ကြိုက်ရင် ဘယ်လောက်ပဲ ဈေးကြီးကြီး ကျုပ်ဝယ်ကျွေးပါ့မယ်ဟာ ။ > > > ပြီးတော့ ကျန်ပါသေးတယ် ဘာတဲ့ အော် ဒေါင်းလုပ်ဆိုလား ဒေါင်းရုပ်ဆိုလားဟာ ၊ နင်ကြိုက်တယ်ဆိုရင် ဈေးကြီးစမ်းပါစေဟာ ကျုပ်ဝယ်ပြီးလက်ဆောင်ပေးပါ့မယ်ဟာ ။ ဒါနဲ့နေစမ်းပါဦး အဲဒီအရုပ်က တို့ ဖိုးဝရုပ်ထက်လှလားဟ ၊ အေးပါ လှလှ မလှလှ နင်ကြိုက်ရင် ကျုပ်လည်းကြိုက်တယ် ၊ နင်ပြောရင်ကျုပ်နားထောင်မယ် ၊ နင်ယုံတဲ့အဲဒီ အင်တာနတ်မင်းကြီးကို ကျူပ်လည်းယုံပါတယ်ဟာ ။ နောက်ပြီး နင်ပြောပြောနေတဲ့ ဟိုကမ္ဘာကြီးက ပူနွေးလာပြီဆိုလားပဲ ၊ ဟုတ်တယ် ကျုပ်ထင်ပါတယ် ၊ ဘာလိုလဲဆိုတော့ နင်ဝတ်တဲ့ အင်္ကျီတွေ စကဒ်တွေကို ကြည့်ပြီးကျုပ်တို့ရွာလေးတောင် တော်တော်ပူနေမှန်းသိလိုက်ရတယ် ။ ဒါ့ကြောင့် ကျုပ်လည်းဒီနေ့ကစပြီး နင်ဝတ်သလိုမျိုးစွပ်ကျယ်အင်္ကျီနဲ့ ပုဆိုးခါးတောင်းကြိုက်ပြီးတော့ပဲ နေတော့မယ်ဟာ ။ ကျုပ်ကစကဒ်မှဝတ်လို့ မရတာ ၊ ဒီတော့လဲအဆင်ပြေသလို လုပ်ရတာပေါ့ဟာ ။ ဘာပဲဖြစ်ဖြစ် ကျုပ်ကိုနင် ပြန်ချစ်ရင်ပြီးတာပါပဲ ရွှေမိရာ….။ > > > ဘကြီးဘုန်းကြီး ကတော့ပြောပါတယ် ရွှေမိရယ် ၊ က္ကတ္တိဝင်္က နဒီဝင်္က တဲ့ မိန်းမနဲ့ မြစ်တို့သည် ကောက်ကွေ့သောသဘောရှိသည် “တဲ့ ၊ နင့်ဆံပင်လိုပေါ့ရွှေမိရယ်။ ဒါပေမယ့်ရွှေမိရယ် ဘကြီးဘုန်းကြီးက ဘကြီးဘုန်းကြီးပါဟာ ၊ ကျုပ်ကပုထုဇဉ်လေ ဘကြီးဘုန်းကြီးမှ မဟုတ်တာ နော့် ။ “ပုထုဇန္နော ဥမ္မာတကော” တဲ့ ရွှေမိရဲ့ ပုထုဇဉ်ဆိုတာ အရူးလို့ တို့ ရှင်တော်မြတ်ဘုရားက ဟောကြားတော်မူခဲ့တယ်လေ ။ ကျုပ်လည်း နင့်ကိုချစ်မိတော့ ရူးနေပြီပေါ့ ရွှေမိရယ် ။ ဘကြီးဘုန်းကြီး ကတော့ဘယ်သိပါ့မလဲ သူက လောကုတ္တရာသမားကိုး ၊ ကျုပ်တို့ကလောကီသား ၊အဲဒီတော့လည်း နင့်ကိုကျုပ်က ချစ်ရတာပေါ့ ရွှေမိရယ် ၊ ဘကြီးဘုန်းကြီးကတော့ ပြောပါတယ် “ဒကာလေးကအပူ ရှာနေတာကိုး “တဲ့ ၊ ကျုပ်ကလည်း”တပည့်တော် စွပ်ကျယ်ဝတ်ထားပါတယ်ဘုရား”လို့ မပြောတော့ပါဘူး ရွှေမိရယ် သူကတရားသဘောနဲ့ပဲမြင်တာကိုး ၊ ကျုပ်ကတော့ “ပိယေဟိ ၀ိပ္ပယောဂေါဒုက္ခော”ဆိုတဲ့ ချစ်သူနဲ့ကွေကွင်းရခြင်း ဒုက္ခ ကိုမခံစားနိုင်ဘူုးဗျ ၊ အဲဒါကြောင့် နင့်ကို ချစ်ရတာပါ ရွှေမိရယ်….။ > > > ကျုပ်က နင့်ရဲ့အဇ္ဇတ္တကိုလည်းချစ်တယ် ၊ ဗဟိဒ္ဒ ကိုလည်းချစ်တယ် ၊ မျက်စိ ၊ နား ၊ နှာ ၊ လျှာ ၊ ကိုယ် စိတ် ဆိုတဲ့ အာရုံခြောက်ပါးလုံးနဲ့ ချစ်တယ်ဟာ ။ ရှင်းရှင်းပြောရရင် နင်နဲ့ကျုပ်နဲ့ က ဓမ္မာ ၊သောက ၊အင်းဝ၊ရာဇာ ပဲဖြစ်နေပါစေ ကျုပ်ကချစ်တယ်ဟာ ၊ ကိန္နရီ ကိန္နရာ မောင်နှံဟာ တစ်ညတာဝေးတာကို နှစ်ပေါင်းခုနှစ်ရာ ၇၀၀ ဆွေး လို့မပြေဘူးတဲ့ ၊ ကျုပ်ကလည်းနင့်ကို သူတို့ထက်မလျော့အောင်ချစ်ပြမှာပါဟာ ။ တကယ်ပါ ရွှေမိရယ် “လူတွေဟာ ချစ်သူရဲ့ အသံကိုကြားရတဲ့နေရာမှာ တင်းတိမ်မှု့မရှိနိုင်ဘူး “တဲ့ ၊ ကျုပ်လဲနင့်အသံလေးကိုပဲ အမြဲကြားချင်နေတာပါ ။ နင်ကကျုပ်အတွက်တော့ ဓာတုကလျာ ၊ ရှင်နှောင်း ၊ ရခိုင်မင်းသမီး ၊ ဒိုင်းခင်ခင် ၊ ၀ဏ္ဏပဘာ ပါပဲဟာ ၊ ကျုပ်ကနင့်အတွက်ဆို ” ကောင်းကင်တမွတ် ကြယ်ကိုဆွတ် ” မယ့်သူပါဟာ ။ တကယ်ပါ ရွှေမိ ကျုပ်ကနင့်ရဲ့ ပထ၀ီတစ်လုံး အာကာတစ်လုံး ဖြစ်နေတဲ့ မျက်လုံးလေးကစပြီး ကြေးညိုရောင် ခြေဖျားလေးအထိ ချစ်ပါတယ် ရွှေမိရယ် ။ ဒါပေမယ့် ရွှေမိရယ် ကျုပ်ကနင့်ကိုချစ်တဲ့ အထဲမှာလေ ဘာလောဘမှ မပါပါဘူးဟာ ။ > > > ဆယ်တန်းတင်မကပထမနှစ်မှာပါ စာကျေအောင်ဆိုပြီး ၃နှစ်ဆီနေခဲ့တဲ့ နင့်ရဲ့ပညာရေးဂုဏ်ကို လည်း ကျုပ်မမက်ပါဘူး ရွှေမိ ။ ပြီးတော့ ဟိုးအရင်ဘ၀က ဘုန်းကြီးကျောင်းသူများရဲ့ ခေါင်းလောင်းအလှူပွဲမှာ ထမင်းစားကောင်း အောင် သာဓု ၀င်ခေါ်ခဲ့တဲ့ဆုလို့ ထင်ရလောက်အောင် အသံကောင်းတဲ့နင့်အမေ ၊ စကားတစ်ခွန်းကို အရပ်ဆယ် မျက်နှာက ခုနှစ်အိမ်စေ့ ကြားနိုင်အောင် ပြောနိုင်တဲ့သူ ၊ အရင်ဘ၀က ရေဒီယိုလှူခဲ့ဖူးသလား မှတ်ရအောင် သတင်း၊အတင်း စုံတဲ့မှတ်ဥာဏ်နဲ့ နင့်အမေ ၊ လဆန်းနဲ့ လလယ် ရောက်တိုင်း ကန်တော့ပွဲထဲ ဘောက်ချာထိုးပြီး အတွင်း ၃၇မင်း ၊အပြင် ၃၇မင်း ၊အရံ ၃၇မင်း ၁၁၁ပါးသောနတ်မင်းတွေနဲ့ ဘိုးတော်အပေါင်းကို ရန်မဖြစ်ဖြစ် အောင် ထမင်းတစ်ဝိုင်းတည်းပြင်ပြီး ဖိတ်ကျွေးတတ်တဲ့ နင့်အမေ ၊ ဈးထိပ်နားကညောင်ပင်အောက်မှာ သူ့ဘာသာသူ တစ်ယောက်တည်း နေတတ်တဲ့ အရူးမကြီးကို ဒီနေ့ဘာကောင်းလဲလို့ တစ်နေ့နှစ်ခါမေးပြီး ဂရုစိုက်တတ်တဲ့ နင့်အမေရဲ့ စေတနာ ၊ မေတ္တာ ၊ ဂုဏ်သတင်းတွေ ကိုမက်လို့လည်း နင့်ကိုကျုပ်ချစ်ခဲ့တာ မဟုတ်ပါဘူး ရွှေမိရယ် ။ > > > သေသွားတာ ၂နှစ်လောက်ကြာပြီဖြစ်တဲ့ သင်တုန်းဓားလောက်ပဲ ကိုင်ဖူးတဲ့ ရွာထိပ်က ကိုရင်ကြီး လူထွက် ဦးပြောင်ကြီးဆီမှာ အရက်တစ်လုံးကို တစ်ယောက်တစ်ဝက်သောက် ၊ ကိုယ့်ဘာသာကို ဆရာတင် ၊ ကိုယ့်ဘာသာကို တပည့်လုပ်ပြီး တစ်ညနေတိတိ ပညာဆည်းပူးလာတဲ့ ဆံပင်ညှပ်သမား ညည်းအဖေ ၊ တစ်ရွာ လုံးကယောကျာင်္းတွေ သူ့လက်အောက်ကထွက်တာပါလို့ မကြာမကြာ မူးတိုင်းပြော ၊ ဆံပင်သာကုန်စေ ရမယ် ပညာမကုန်စေရဘူးဆိုတဲ့ ရှေ့တစ်လက်မနောက်ပြောင်ပုံစံကို မူပိုင်ခွင့်ယူထားတဲ့ ညည်းအဖေ ဦးကတုံး ၊ အဲအဲ ညည်းအခေါ်ကတော့ ရန်ကုန်မှာ တိုနီထွန်းထွန်း ၊ တို့ရွာမှာတော့ တိုနီကတုံး ၊ ကိုရီးယားကတောင် လာငှားရဆိုတဲ့ ဟဲယားဒီဇိုင်းနာဆိုတာကြီးပေါ့ ၊ အေး နင့်ကိုကျုပ် ချစ်တာ က လည်း နင့်အဖေကြီးရဲ့ အဲဒီ လ္ဘက်ရည်ဖိုး သာသာ ၀င်ငွေကိုမက်မောလို့ မဟုတ်ပါဘူး ရွှေမိရယ် ။ > > > နောက်ပြီး နင့်အစ်ကို ၊ တစ်ရပ်ကွက်လုံးက သတ်မှတ်ထားကြတဲ့ သင်္ဘောသား ၊ သင်္ဘောနဲ့ ပတ်သတ် လို့ကတော့ နိုင်ငံခြားသင်္ဘော ၊ ပြည်တွင်းသင်္ဘော ကိုထားဦး လှေရဲ့လှော်တက်မပြောနဲ့ ရေတောင် ကိုယ့်ကိုယ်ကို မသေအောင်တောင် မကူးတတ်တဲ့ နင့်အစ်ကို ၊ သဘောင်္ပင်ရဲ့အသားလို အစိုလည်းသုံးမရ ၊ အခြောက်လည်း အသုံးမ၀င်လို့ ခေါ်ရတဲ့သင်္ဘောသား ၊ ချဉ်ဖတ်ရောင်းတဲ့ဆိုင်မှာတောင် ၀ယ်လို့မရတဲ့ ရှားရှား ပါးပါး ရပ်ကွက် ချဉ်ဖတ်ကြီး ၊ ရှစ်တန်းမှာ နှစ်ခါကျပြီး ကျောင်းခေါ်ကြိမ်စာအုပ်က သူ့နာမည်ကို ယမကာ ဆိုင် အကြွေးစာရင်းမှာပြောင်းရေး ၊ သူ့လက်ကအနုပညာသည်လက်ဆိုပြီး ဘာအလုပ်မှ လက်ကြောတင်း အောင် မလုပ်ပဲ သင်္ဘောသားဖြစ်နေတဲ့ နင့်အစ်ကိုရဲ့ ဂုဏ်အရှိန်အ၀ါတွေကို မက်မောပြီး ကျုပ်ကနင့်ကိုချစ်ခဲ့တာ မဟုတ်ရပါဘူး ရွှေမိရယ် ။ > > > ဟောဒီရင်ဘတ်ကြီးထဲကဘုံးဘုံး( ရင်ဘတ်ပုတ်သံ ) မိ…မိ….မိ…မိ…မိ…မိ… လို့အော်နေတဲ့ ငါ့နှလုံးသား ကြောင့်ပါဟာ ၊ လုံးကြီးတင်ကို ၀တ်ဆံခတ် ၀စ္စနှစ်လုံးပေါက်ထည့်ပြီးတော့ တော့မဖတ်လိုက်ပါနဲ့ ရွှေမီး ရယ် ဟယ်ဟုတ်ပါဘူး ရွှေမိ ရယ်……… ။ > > > ကျုပ်ကနင်ပြောပြောနေတဲ့ ဆော့ဖ်ဝဲဆိုလားဘာဝဲဆိုလားအဲဒီဝဲဆေးဖော်ရောင်းပြီး အရမ်းချမ်းသာ နေတဲ့ အမေရိကန်ဆိုတဲ့ တိုင်းပြည်က ဇောတိကကြီး ဘီဂိတ်ဆိုတဲ့ ပုဂ္ဂိုလ်ကြီးလို ချမ်းသာမှ ပြန်ချစ်မှာလား ရွှေမိ ရယ် ၊ ” တူနှစ်ကိုယ် တဲအိုပျက်မှာနေရ “ဆိုတဲ့သီချင်းကို နင်က မြို့ပေါ်က ရက် သီချင်းတွေလောက်မကြိုက်ပေမယ့် ကျုပ်ကတော့ လက်ခံတယ် ရွှေမိ လက်ခံတယ် ၊ နင်က ဒေးဗစ်ဘက်ခမ်းဆိုတဲ့ ဗြိတိသျှဘောလုံးသမားပုံပါတဲ့ အင်္ကျီလက်ပြတ်ကိုဝတ် ရွာရိုးကိုးပေါက် လျှောက်ပြီး စိတ်ကူးပဲယဉ်နေတော့မှာလား ရွှေမိရယ် ။ နင့်ကိုကျုပ်ပြောဖူးပါတယ် “အပုပ်ကောင်ရုပ်ဆောင်နေကြတာပါ”လို့ ၊ လောကဓံရှစ်ပါးကို နင်ပြောတဲ့ ၀ဲဆေးဆရာ ဘီဂိတ်ဆိုတဲ့ ပုဂ္ဂိုလ်ရော၊ ဟိုဘောသမားရော ဒေးဗစ်ဆိုတဲ့ပုဂ္ဂိုလ်ရော ကြုံရမှာပဲရွှေမိ ၊ အေးအဲဒီလိုပဲ နင်လည်း လောကဓံရှစ်ပါးကိုကြုံရတဲ့အခါ နင့်ဘေးမှာကျုပ်ရှိနေချင်တယ်ဟာ ။ > > > ကိုင်း အဲဒီတော့ ဆိုင်ရာပိုင်ရာများနဲ့ အတွင်း ၃၇ မင်း ၊ အပြင် ၃၇ မင်း ၊ အရံ ၃၇ မင်း ၁၁၁ပါးသော မင်း တွေရဲ့ နောက် ကမ္ဘာ့ရွာကြီးကို အပိုင်စားရတော်မူသော ၁၁၂ မင်းမြောက် အင်တာနတ် မင်းကြီးခင်ဗျား တပည့်တော်ရဲ့ နှလုံးသား ၀က်ဆိုင်က ( Website ) ဒီရည်းစားစာ ကို ရွှေမိ ဒေါင်းရုပ် ( download ) လုပ်ပါစေလို့ ဆုတောင်းရင်း ဒဗလျူ ဒဗလျူ ဒဗလျူ ဒေါ့ အင်ဂျလီနာညိုမီ ဒေါ့ အီးမေးဒေါ့ ကွန် ဆိုတဲ့ လိပ်စာကို ခေတ်မှီအောင် အမြန်ချော နဲ့ ကမ္ဘာ့ရွာတောင်ပိုင်းနေ ဘုန်းကြီးကျောင်းသား ကိုရင်ညိန်းမှ ကမ္ဘာ့ရွာတောင်ပိုင်းမှာပဲ နေတဲ့ ဘုန်းကြီးကျောင်းရဲ့ နှစ်အိမ်ကျော်က အင်ဂျလီနာညိုမီ့ ထံ ပေးပို့လိုက်ရပါတယ် ။ > > နင့်ကိုခေတ်မှီအောင် ချစ်ချင်တဲ့ ကိုရင်ညိန်း ( ကမ္ဘာ့ရွာတောင်ပိုင်း ဘုန်းကြီးကျောင်း )

 

ဘ၀ကြင်ယာဖေါ် ရွေးချယ်နည်း 2009/05/12

Filed under: ဟာသလေးတွေပါ — pearl82nge @ 5:28 am

” အနှစ်လို အချစ်ပိုချင်ရင် *စစ်ဗိုလ် *ကိုစဉ်းစားပါ “

” ကညာမွန် အညာလွန် ချင်ရင် *ဆ၇ာဝန်* ကိုရွေးပါ “

” ရင်ခွင်လွှာမှာ အကြင်နာပါရင် *အင်ဂျင်နီယာ *ကို ထည့်တွက်ပါ “

” အကြောင်းအရာပေါ် ကောင်းရာမျှော်ချင်၇င် *ကျောင်းဆ၇ာ* ကတော် လုပ်ပါ “

” ပြည်သူ့ ထဲ ငြူ ဆူအမြဲ ဖြစ်နေ၇င် *ပြည်သူ့ ၇ဲ* တောင်မစဉ်းစားနဲ့ ”

” အချစ်များပြီး ပြစ်ထားမယ်ဆိုရင် *စစ်သား* ကို လည်း မယူနဲ့ ”

” အပြတ်ဖြေဖျော် လာဘ်လာဘ မျှော်၇င် *နတ်ကတော်* လည်းမရွေးနဲ့ ”

” အစဉ်အမြဲသိမ်း ၇င်ထဲထိန်းချင်၇င် *ယာဉ်ထိန်းရဲ *ကိုလည်းမစဉ်းစား
နဲ “့

” ကုန်တာမှိုင် လို၇ာမပိုင်၇၇င် *companyပိုင်၇ှင် လည်း အလျှော့မပေးနဲ့ ”

” အဖြီးအပြတ်လှော် မီးသတ်မတော်၇င်* မီးသတ်* *ကတော်လည်း မလုပ်နဲ့ ”

” ၇မက်တပ်၇စ် အ၇က်မပြတ်ကစ်၇င် *လက်မှတ်စစ်* ကို လည်း မစဉ်းစားနဲ့ ”

” ၇တက်ဖြစ်အေ၇း လက်ဖက်ရည် ကစ်ေ၇း ဆို၇င် *ဆက်သွယ်ေ၇း *ကောင်လည်း မရွေးနဲ့ ”့ 

” ယမင်းအပျော်ထား အတင်းပျော်အား နေ၇င် *သဘောင်္သား** *ကိုလည်းေ၇ှာင်ပါ “

” ရှာသမျှ ကုန်မယ်ဆို၇င် ကညာမကျ တဲ့ ပါသမျှ *ကုန်သည် * ကိုလည်းမစဉ်းစားနဲ့ ”

” မယားမပြတ်မော. အနားကပ်လျော့၇င် *ကားဝပ်ေ၇ှာ** *့ဆ၇ာလည်း မရွေးနဲ့”

“နောင်မပူ ပြီးစီးမယ်ဆို၇င် *တောင်သူဦးကြီး *များကို စဉ်းစားပါ့”

 

သွေးစစ်မလို့တဲ့ 2009/05/12

Filed under: ဟာသလေးတွေပါ — pearl82nge @ 5:21 am

ဆေးခန်းတစ်ခုမှာ ဖြစ်ပါတယ်။ ဆေးစစ်ခန်းအပြင်ဘက်မှာ ကလေးနှစ်ယောက်ထိုင်စောင့်နေတယ်။ သူတို့အထဲက တစ်ယောက်က ငိုနေတယ်။ အဲ့ဒါနဲ့
ပထမကလေး။ ။ဘာကြောင့်နင်ငိုနေတာလဲ?
ဒုတိယကလေး။ ။ငါသွေးလာစစ်တာ။
ပထမကလေး။ ။ကြောက်လို့ငိုနေတာလား?
ဒုတိယကလေး။ ။မဟုတ်ဘူး။ သူတို့က ငါ့လက်ကို ဖြတ်ပြီးစစ်မှာတဲ့
အဲ့ဒီလို ဖြေလိုက်တော့ ပထမကလေးက ထပြီး ရှိုက်ကြီးတငင်ငိုပါလေရော။ ဒုတိယကလေးက အံ့အားသင့်စွာနဲ့….
ဒုတိယကလေး။ ။နင်က ဘာဖြစ်လို့ထငိုနေရတာတုန်း?
ပထမကလေး။ ။ငါ့ကိုကျတော့ သူတို့က ဆီးစစ်မလို့တဲ့…. အီးးးးးးးးးးးးးးးးး

 

အတို့တကာ အတိုဆုံးနဲ့ အပြည့်စုံဆုံး ဆောင်းပါးတစ်ပုဒ် 2009/05/12

Filed under: ဟာသလေးတွေပါ — pearl82nge @ 5:13 am

ကောလိပ်တစ်ခုရှိ စာသင်ခန်းတစ်ခုတွင် မြန်နိုင်သမျှမြန်မြန်ပြီးပြီးတိုနိုင်သမျှတို၊ အဓိပ္ပါယ်ရှိနိုင်တဲ့ အကြောင်းအရာတစ်ခုကိုရေးခိုင်းပါတယ်။အဲ့ဒီထဲမှာ ပါရမယ့်အကြောင်းအရာတွေကတော့
၁ ။ ဘာသာရေးဆိုင်ရာ
၂ ။ အိမ်ထောင်မှုဆိုင်ရာ
၃ ။ ထူဆန်းအံ့သြဖွယ်ရာ – တွေပါဝင်ရမယ်တဲ့…
တစ်တန်းလုံးမှာ အကောင်းဆုံးအဆင့် ( +A ) ရသွားတဲ့ အကြောင်းအရာကလေးကတော့ ” ဘုရားရေ… ငါ့ကိုယ်ဝန်. ဘယ်သူနဲ့ပါလိမ့် ” တဲ့….. : Translated :

 

21 ရာစု online အရပ် (၈)မျက်နှာ မေတ္တာပို့နည်း 2009/05/12

Filed under: ဟာသလေးတွေပါ — pearl82nge @ 4:39 am

Gtalk ထဲက ကျူကျူများ ‘Fatty ကြီး’ နဲ့ တိုးပါစေ
မပြောဘဲနဲ့ Block လုပ် Gtalk ´Virus´ ကိုက်ပါစေ
နှုတ်ဆက်တာကို စာမပြန် ´ရုပ်ဆိုးမကြီး´ ဖြစ်ပါစေ
မာနကြီးသော မမများ ´ငှက်ပျောတုံး´ နဲ့ ညားပါစေ
Busy နေတယ်ပြောသူများ ´အလုပ်´ ပိပြီးပြားပါစေ
Asl လိမ်, ညာသူများ ပါးစပ်မှာ ´၀ဲ´ ပေါက်ပါစေ
မိန်းကလေးယောင်ဆောင် Chat သူများ ´Gay´စစ်စစ်ကြီးဖြစ်ပါစေ
Online ပေါ်က ´ငါ့ချစ်သူ´ ချမ်းသာကိုယ်စိတ်မြဲပါစေ။
(Mario)

 

ကဗျာ 2009/05/12

Filed under: မခံစားနိုင်တော့ဘူး — pearl82nge @ 4:22 am

ခင်ရုံပါဆို…
ရင်ခုန်စရာ ဘာလို့ တွေးတာလဲ။
ရိုးရိုးသိတာပါဆိုလဲ…
ခိုးခိုးကြည့်စရာ မလိုပါဘူး။
ဖုံးဖိနေပေမယ့်…
အပြုံးအကြည့်တွေက သိသာတယ်နော်။
အခင်မပိုသေးရင်လဲ…
အရင်လိုလေးပဲ ဆက်ဆံပေါ့။
တမင်ချွဲကာ မထိတထိပြုလို့ …
ရင်ထဲမှာ ကလိကလိခုလာရင်တော့
အရမ်းတိုးမလာနဲ့ ကောင်လေးရေ…ဟင်း……ဟင်း…………………။ ။
(မိုမို)

 

ခေါင်းဆောင်မှု ကျင့်စဉ် 2009/05/12

Filed under: ဘယ်လိုထင်လဲ? — pearl82nge @ 4:16 am

သင်သည် လူတွေကြားတွင် မကြောက်မရွံ့ သွားနေသည်ဟု လူတွေက ထင်ပါစေ။

*လူတိုင်းချီးကျူးခံချင်သည် ဆိုခြင်းကို သတိရပါ။

*တစ်ကြိမ်တွင် စစ်ပွဲတစ်ပွဲသာဆင်နွဲပါ။

*အစဉ်အလာ၊ ယဉ်ကျေးမှု၊ စည်းကမ်းနှင့် ပုဂ္ဂိုရေးသိက္ခာကို တစ်ခါတစ်ရံ ဘေးချိတ်ထားပါ။

*အင်အားကို နောက်ဆုံးအားကိုရာအဖြစ်သာသုံးပါ။

*အဖွဲ့အစည်း တစ်ခုလုံးနှင့်ဆိုင်သော ကိစ္စများတွင် ဌာနအသီးသီး၏ အကြီးအကဲများနှင့် ပြည့်ပြည့်၀၀ ဆွေးနွေးတိုင်ပင်ပြီးမှ ဆောင်ရွက်ပါ။

*မှန်မှန်ကန်ကန် ရပ်သူနှင့်အတူရပ်ပါ။ သူအမှားလုပ်သောအခါ ထိုသူကို စွန့်လွတ်လိုက်ပါ။

*တစ်ခါတစ်ရံ မသိယောင်ဆောင်နေခြင်းသည်၊ အကျိုးယုတ်လောက်အောင် ထိခိုက်နစ်နာမှု မဖြစ်နိုင်။

*ဘ၀တူပြည်သူတို့၏ ယုံကြည်အားကိုးမှုကို တစ်ကြိုမ်မျှ လက်လွှတ်ရလျှင် သူတို့၏ လေးစားကြည်ညိုမှုကို နောက်ထက်ဘယ်တော့မှ ရနိုင်တော့မည်မဟုတ်။

*လူတစ်ယောက်အားနှိပ်ကွပ်လျှင် ထိုသူနှင့် ထိုသူ၏ မိတ်ဆွေများသည် မိမိအဖွဲအစည်းအတွက် ထာဝရ ရန်သူများဖြစ်လာနိုင်သည်။

*မလိုတမာစိတ်ကိုရှောင်ပါ။ မေတ္တာစေတနာကိုဆောင်ပါ။

*မိမိ၏ အကောင်းဆုံး အပြုအမူများဖြင့်သာ လူတွေကို တွေ့ဆုံဆက်ဆံပါ။

*ကိုယ့်သိသလောက်၊ တက်သလောက်နှင့် အကောင်းဆုံး ဖြစ်အောင်လုပ်ပါ။ ပြီးဆုံးအောင် အထိလုပ်ပါ။

*မတရား စွပ်စွဲချက်များကို တစ်ကြိမ် အရှုံးပေးလိုက်ရလျှင် နောက်ထပ် စွဲချက်များအတွက် လမ်းဖွင့်ပေးသလို ဖြစ်သွားနိုင်သည်။

*မိမိ၏လုပ်ရပ်သည် ရည်မှန်းချက်ကို ထိခိုက်နေပြီဟု ယုံကြည်လျှင်လျှော့လုပ်ပါ၊၊ အထောက်အကူပြုသည်ဟု ယုံကြည်လျှင် ပိုလုပ်ပါ။ အမှားကိုမြင်လျှင် အမှန်ကို ချက်ချင်:
ပြင်ပါ။ အမြင်သစ် အမြင်မှန်ကို အမြဲ ကြိုဆိုလက်ခံပါ။

*ငြင်းခုံခြင်း၊ ရန်ဖြစ်ခြင်း စသော ပဠိပက္ခများကို အထူးရှောင်ပါ။

*အမြဲတမ်း ဦးစွာလှုပ်ရှား၊ ဘယ်တော့မှ နောက်ပိတ်ချီး မဖြစ်ပါစေနှင့်။

*ရှေတန်းသို့ထွက်ပါ။ အနိုင်နှင့်အရှုံးကို ခံနိုင်ရည်ရှိပါစေ။

*ဘယ်တော့မှမကြိုးစားလျှင် ဘယ်တော့မှ မအောင်မြင်နိုင်။

*အတော်ဆုံးခေါင်းဆောင်များသည် အမြဲတမ်း လေ့လာ ဆည်းပူးနေသည် ဟူသာ အချက်ကို မမေ့ပါနှင့်။

*ဘာစကားမှ မပြောပဲနေသင့်သည့် ကာလများရှိသည်ကို သတိရပါ။

*ယနေ့လုပ်နိုင်တာတွေကို မနက်ဖြန်လုပ်ဖို့ ချန်မထားပါနှင့်။

*တစ်ဝက်တပျက်သာ ပြီးအောင်လုပ်သော အလုပ်သည် လုပ်အားဖြုန်းသော အလုပ်ဖြစ်သည်။

*လူပုဂ္ဂိုလ်တစ်ဦးဦးနှင့် တွေ့ဆုံသောအခါ ကိုယ့်အဖို့ရော၊ သူ့အဖို့ပါ မနှစ်မြို့စရာ ခံစားချက်မျိုး မကျန်ရစ်စေရန် ကြိုးစားပါ။

စုန်းပြူး သြရသ

 

worldmyanmar Yee Zar Sar!!!! 2009/05/12

Filed under: ဟာသလေးတွေပါ — pearl82nge @ 3:26 am

သို့ /

ပန်းလေးလှတော့ လိပ်ပြာတွေ ဝဲတယ်တဲ့။ သိုးငယ်လေးလို ဖြူစင်ပြီး သမင်မျက်လုံးမှာ ဇင်ယော်တောင် မျက်ခုံးလေးနဲ့ ငါးရံ့ကိုယ်လုံးလေးကို ပိုင်ဆိုင်ထားတဲ့ သူကလေးကို ချစ်မိသူထဲမှာ ကိုလဲ အပါအဝင်ပေါ့။ သူလေးမိဘတွေရဲ့ ပြည့်စုံမှုကြောင့် တပါးသူတွေ ဆင်ကြံကြံ ဝံပုလွေချောင်း ချောင်းနေကြပေမယ့် ကိုကတော့ ရိုးသားစွာ ချစ်တာပါ။ သူလေးရဲ့ စွန်ရဲလို စူးရှတဲ့ အကြည့်တွေမှာ အကြိမ်ကြိမ် ကျရုံးခဲ့သူလေ။ ပေတစ်သီး ၊ ကျီးတစ်သားလို ပေါက်ဖွားလာတဲ့ ကို့ရဲ့အချစ်ပါ။ ကိုကတော့ ဥစ္စချော ရုပ်ပေါ ၊ ဘဲလိုအသံ ၊ ကျွဲလိုအသား ၊ ဇီးကွက်မျက်လုံး ၊ လိပ်ခါးနဲ့ ဖားဖင် ငါးပါးကြံအင်လက္ခဏာ ပြည့်စုံသူပါ။ ဒါပေမယ့် ခြင်္သေ့လို တည်ကြည်ပြီး ကျားလို ရဲရင့်သူနော်။ ဘဝပေးအခြေအနေကြောင့် ကျီးကန်းနဲ့ ဗျိုင်း တုနှိုင်းလို့ မရနိုင်တာကြောင့် ဆင်ဖြူမျက်နှာ ဆင်မဲမကြည့်ဝံ့ သလိုတော့ ဖြစ်မိသား။ မိချောင်းမင်း ရေခင်းပြတာမဟုတ်ပေမယ့် သူလေးသေချာ စဉ်းစားဆုံးဖြတ်ပါ။ အချိန်အတိုင်းအတာ တစ်ခုရောက်ရင်တော့ ရှဥ့်လည်းလျှောက်သာ ပျားလည်းစွဲသာ ဖြစ်မယ့် အဖြေလေးပေးပေါ့။ အဖြေမရမချင်း ဝက်အစာတောင်းသလို တကျီကျီ မအီမိအောင် ကျိုးစားထိန်းနိုင်ပေမယ့် ခွေးနေရာမရသလို နေမထိထိုင်မသာတော့ ဖြစ်နေရမှာပါ။ ညည အိမ်မက်ထဲမှာလေ… သူလေးနဲ့ကို လားကြီးစီးလို့ ကမ္ဘာအပြင်ဘက်ကို သွားကြတယ်တဲ့။ သူလေးအတိတ်မှာ မှားခဲ့တာတွေရှိရင်တောင် ကို့ဘဝတစ်ခုလုံး နွားအဖြစ်ခံပြီး သားပိုက်ကောင်လို ကို့ရင်ခွင်ထဲမှာ သူလေးကိုထားပြီး ကြောင်လေးကို ယုယသလို ယုယမှု လေးတွေ ပေးချင်တယ်ကွာ။ သူလေးရဲ့ မေတ္တာတွေနဲ့ တုန့်ပြန်လာမယ့် စာကလေးကို သစ်ကုလားအုပ်လို အမျှော်လင့်ကြီး မျှော်လင့်နေမယ်နော်။ ကိုမျှော်လင့်သလိုလေး ဖြစ်လာရင်တော့ ငါးသလောက်ပြုံးလေးနဲ့ မြင်းတစ်ကောင်လို အပြေးလေးလာခဲ့မယ် သူလေးရယ်….

စုန်းပြူး သြရသ

 

Kenichi Matsuyama 2009/03/07

Filed under: my dream prince — pearl82nge @ 9:07 am

* Real Name: 松山 研一/松山 ケンイチ (Matsuyama Ken’ichi, 松山 研一/松山 ケンイチ?)
* Birthdate: March 5, 1985
* Birthplace: Aomori Prefecture, Japan
* Bloodtype: B
* Star Sign: Pisces
* Height: 6’0.83″ (185cm)
* Weight: 60 kg
* Chest: 86 cm
* Waist: 73 cm
* Shoe size: 28 cm
* Favorite sports: Pole vault, Wheelchair basketball
* Talent Agency: Horipro
Movies
# Bright Future (2003)
# Guuzen nimo saiaku na shounen (2003)
# The Locker 2 (2004)
# Kamachi (2004)
# The Taste of Tea (2004)
# Linda Linda Linda (2005) as Makihara
# Nana (2005) as Shin (Shinichi Okazaki)
# Furyo shonen no yume (2005)
# Kasutamu-meido 10.30 (2005)
# Otoko-tachi no Yamato (2005) as Katsumi Kamio (15 years old)
# Oyayubi sagashi (2006)
# Death Note (2006) as L
# Death Note: The Last Name (2006) as L
# The Blue Wolf: To the Ends of the Earth and Sea (2007) as Juchi
# Ten Nights of Dream (2007)
# Shindo (2007)
# L (2008) pre-production

 

 
Follow

Get every new post delivered to your Inbox.